မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်/ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းဝေးနှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနား ကျင်းပ

 

မေ(၆)၊မတ္တရာ သုတ

ပြင်​ဦးလွင်​ခရိုင်၊​ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယ​မန်နေ့ နံနက်​ ၉ နာရီ ၃၀ မိနစ်​မှ ည​နေပိုင်းအထိ မြို့နယ်​ပါတီ၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းဝေးနှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်​ ခဲ့သည်။ အခမ်းအနားကို နိုင်​ငံ​တော်​သီချင်း သံပြိုင်​သီဆို၍ နိုင်​ငံ​တော်​အလံအား အ​လေးပြုဖွင့်​လှစ်​ပြီး​နောက်​ ပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ တိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​မှ အဖွင့်​အမှာစကား ​ပြောကြားခဲ့သည်​။

ဆက်​လက်​၍ ပြင်​ဦးလွင်​ခရိုင် ​ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်​က ဆက်​လက်​​ဆောင်​ရွက်​သွားမည့်​ ​ရှေ့လုပ်ငန်းစဉ်​များနှင့်
ပတ်​သက်​၍ ရှင်းလင်းဆွး​နွေး ခဲ့ပြီး​နောက်​ မြို့နယ်​အတွင်းရှိ ရပ်​ကွက်​နှင့်​​ကျေးရွာများမှ ပါတီဥက္ကဋ္ဌများက မိမိတို့၏ နယ်​​မြေအလိုက်​ ​ဆောင်​ရွက်​ပြီးစီးသည့်​ စည်းရုံး​ရေး အ​ခြေအ​နေများနှင့်​ ဒေသအ​ခြေအ​နေများအား ရှင်းလင်း တငပြခဲ့ရာ တင်​ပြလာမှုများအ​ပေါ် ပါတီဗဟိုအလုပ်အမှုဆောင် မန္တ​လေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်​မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်​။

ထို့​နောက် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာအကြောင်း ဟောပြောပွဲကို ဆက်လက် ကျင်းပရာ တိုင်းဒေသကြီးပါတီ ကော်မတီဝင်​များဖြစ်​ကြ​သော ဦးကျော်စန်း၊ ဦးတင့်​လွင်​ဦးနှင့် တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်တို့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်​ပတ်သက်​၍ ​ဟော​ပြော​ဆွေး​နွေး ခဲ့သည်။ ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တ​လေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်​ကြ​သော ဦးမြတ်​သူ၊ ဦးတင့်​လွင်​ဦးနှင့်​ ဦး​ကျော်​စန်း၊ ပြင်ဦးလွင်​ခရိုင် ပါတီဥက္ကဌ ဦးဝင်းကြည်​နှင့်​ ခရိုင်​ပါတီ​ ကော်​မတီဝင်​များ၊​ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးလှမြင့်​ (၁)၊ မြို့နယ်​ပါတီ အတွင်း​ရေးမှူး ဦးလှမြင့် (၂) နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဌများ၊ လူငယ်များနှင့် အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၅၀) ဦးခန့်​ တက်ရောက်​ခဲ့​ကြောင်း သိရသည်​။