ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလုပ်ရှားမှူ တစ်ရပ်အနေဖြင့် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု အောင်ဝိဇ္ဇာညီနောင် ဆုတောင်းပြည့်တန်ခိုးကြီး ငြိမ်းချမ်းရေးပြယုပ် သဘာဝ ကျောက်စေတီတော်တွင် မြေသားနံရံအားမြေညှိခြင်း တောင်တက်လမ်းအား ကွန်ကရက်ခင်းခြင်း လုပ်အားဒါန သွားရောက် ဆောင်ရွက်ခြင်း

 

လွိုင်ကော် – မေ ၆

ယနေ့ (၆-၅-၂၀၁၉) ရက်နေ့ နံနက် (၇း၃၀) နာရီ အချိန်ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လုပ်ရှားမှု တစ်ရပ်အနေဖြင့် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု အောင်ဝိဇ္ဇာညီနောင် ဆုတောင်းပြည့်တန်ခိုးကြီး ငြိမ်းချမ်းရေးပြယုပ် သဘာဝကျောက်စေတီတော်တွင် မြေသားနံရံအား မြေညှိခြင်း ဘုရားတောင်ပေါ် တောင်တက်လမ်းအား ကွန်ကရက်ခင်းခြင်း လုပ်အားဒါန သွားရောက် ဆောင်ရွက်ကြပါသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးအောင်နိုင်ဦး (ပြည်နယ်လူငယ် ရေးရာတာဝန်ခံ) ဒေါ်နန်းယဉ်သီတာထွေး (ပြည်နယ် လူငယ်ရေးရာ ဒု- တာဝန်ခံ) လွိုင်ကော်မြို့နယ် ဦးအောင်ကျော်မြင့် (ပြည်နယ်လူငယ်ရေးရာလှုပ် ရှားမှု ဒု – တာဝန်ခံ) ပြည်နယ် ကော်မတီဝင်များ ဖြစ်ကြသော ဒေါ်ဗျားမြာမောင်နှင့် ဦးကျော်သင်း(လွိုင် ကော်မြို့နယ် တာဝန်ခံ) လွိုင်ကော် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေ ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးရယ် (ပြည်နယ် လွှတ်တောာ် ကိုယ်စားလှယ်) ဘောလခဲမြို့နယ် အတွင်းရေးမှူး ဦးဟန်ထူး မြို့နယ် (၇) မြို့နယ်မှ ပါတီ လူငယ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား(၆၀)တက်ရောက်ကြောင်းနှင့် ယနေ့ ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့သည် လုပ်အားဒါန ဆောင်ရွက်နေမှုကို ညနေ(၃း၀၀)အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။