ပြည်ခိုင်ဖြိုးပါတီမှ သင်္ကြန်တွင် ဖြိုးမန္တလာမိသားစု ရေကစားမဏ္ဍပ်ဖြင့် ဖျော်ဖြေမည်
မန္တလေး ဧပြီ ၁၁
မန္တလေးမြို့ချမ်းအေးသာစံ မြို့ နယ် ၇၃ လမ်း၊၂၇ လမ်းနှင့် ၂၈ လမ်းကြားမန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီရုံးရှေ့မျက်နှာစာတွင်တိုင်း ဒေသကြီးပါတီမှသင်္ကြန်တွင် ယခုလ ၁၃ ရက်မှ ၁၆ရက်အထိ မန္တလေး မြို့ခံပြည်သူများအား ဖြိုးမန္တလာ မိသားစုရေကစား မဏ္ဍပ်ဖြင့် ကပြ ဖျော်ဖြေ ရေကစားသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ မဏ္ဍပ်အား မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဧပြီ သင်္ကြန်အကြိုနေ့တွင် ဖွင့်ပွဲအခမ်း အနားပြုလုပ်၍ သင်္ကြန်အကြိုနေ့ မှ အတက်နေ့အထိ ပြည်ခိုင်ဖြိုး သမီးပျိုလေးများက ယိမ်းအက များဖြင့် ဖျော်ဖြေပြီး ရေပက် ကစားသွားမည့်အပြင် လာရောက် သော ပြည်သူများကို ဖျော်ရည် အအေးများဖြင့် စတုဒိသာ နေ့စဉ် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သုတ(မန္တလေး)