ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဈေးနှုန်းချိုသာစွာဖြင့် နေ့စဉ်ဆန်နှင့်ဆီများရောင်းချပေး

ရန်ကုန် ဧပြီ ၁ဝ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူများ အဆင်ပြေ၍ သက်သာချောင်ချိစေရန် မြို့နယ် အတွင်းရှိ ၃၂ ရပ်ကွက်သို့ နေ့စဉ် အလှည့်ကျစနစ်ဖြင့် လှည့်လည် ကာ ဆန်နှင့်ဆီများကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

ယနေ့နံနက်တွင် (၁၉)ရပ်ကွက်အတွင်းရှိ ဇေယျာမြိုင်လမ်းပေါ်တွင် အများသူငါ သွားလာစည်ကားသောနေရာ၌ ဆန်နှင့်ဆီများ ရောင်းချပေးရာ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးမြင့်အောင်နှင့် ဦးဇော်ရဲထွဋ်တို့ ဦးဆောင်၍ ရပ်ကွက် ပါတီဥက္ကဋ္ဌ ဒေါ်မေမြတ်နွယ်နှင့် ကော်မတီဝင်များ၊ မြို့နယ်လူငယ်အဖွဲ့ဝင်များ၊ အမျိုးသမီးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ညနေပိုင်းတွင်လည်း (၂၆)ရပ်ကွက်တွင် ဆန်နှင့်ဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)