ရာသီကုန်တွင် မန်ယူအသင်းကို ကြီးမားသည့်အပြောင်းအလဲများပြုပ်လုပ်ရန် ဆိုးလ်ရှားစီစဉ်
မန်ယူနည်းပြ ဆိုးလ်ရှားဟာ ရာသီကုန်မှာ အသင်းကိုကြီးမားတဲ့ အပြောင်းအလဲတွေပြုလုပ်ဖို့စီစဉ်နေပါတယ်။ ရာသီကုန်မှာ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင်တောင် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ Daily Mail ကဖော်ပြသွားခဲ့ပါတယ်။ ဒါကြောင့် ရာသီကုန်မှာ အသင်းကနေ ကစားသမား ၆ ယောက်လောက် ထွက်ခွာသွားတာကိုမြင်တွေ့ရဖွယ် ရှိနေပါတယ်။
တစ်ရာသီမှာ ကစားသမားသစ် ၃ ယောက် လောက် ပုံမှန်ခေါ်ယူလေ့ရှိတဲ့ မန်ယူအသင်းဟာ လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေကို အစုလိုက် အပြုံလိုက် ခေါ်ယူသွားဖို့လည်း အစီအစဉ်ရှိနေပါတယ်။ ဆိုးလ်ရှားရဲ့ ပြုပြင်ပြောင်းလဲမှုက ၂၀၁၅ မှာ လူးဝစ် ဗန်ဟားက ကစားသမား ၈ ယောက်ကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီး ကစာသမားသစ် ၆ ယောက် ခေါ်ယူခဲ့တဲ့နောက်ပိုင်း အကြီးမားဆုံးပြုပြင်ပြောင်းလဲမှုဖြစ်လာဖွယ်ရှိနေတယ်လို့ဖော်ပြသွားခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ ပြုပြင်ပြောင်းလဲမှုမှာ အသင်းကနေထွက်ခွာရဖို့ သေချာသလောက် ရှိနေသူတွေကတော့ ဗလန်စီယာ၊ ဒါမီယန်၊ ပီအက်စ်ဂျီနဲ့ သတင်းတွေထွက်နေတဲ့ ဟာရဲယား၊ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်မယ့် မာတာနဲ့ ရိုဂျိုနဲ့ ဘိုင်လီတို့နှစ်ဦးထဲက တစ်ဦးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တစ်ပတ်ကို ပေါင် ၅၀၀၀၀၀ ပေးထားရတဲ့ ဆန်းချက်ဇ်ဟာ အသင်းကိုရောက်ရှိလာတာတစ်ရာသီခွဲရှိပေမယ့် ခြေစွမ်းမပြနိုင်တာကြောင့် အသင်းက သူ့အပေါ်မှာ စိတ်မရှည်ချင်ပုံ မရတော့ပါဘူး။ ဒါကြောင့် ဆန်းချက်ဇ်လည်း အသင်းကနေ ထွက်ခွာရမယ့် စာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒါပေမယ့် အဓိကစားသမားတစ်ဦးဖြစ်တဲ့ ဒီဂီယာကိုတော့ မဖြစ်မနေ စာချုပ်သက်တမ်း တိုးလိမ့်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။
-Ref:Skysports