ထိုင်းလိဂ်-၁ ပွဲစဉ်(၆)အကောင်းဆုံးအသင်းတွင် ဇော်မင်းထွန်းရွေးချယ်ခံရ

ဗြိတိန်အခြေစိုက် နာမည်ကြီး အားကစားမီဒီယာ Goal.com က ရွေးချယ်သည့် ထိုင်းလိဂ်-၁ ပွဲစဉ်(၆)၏ အကောင်းဆုံး အသင်းတွင် ချောင်ဘူ ရီအသင်းမှ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းပါဝင် သည်။

ဇော်မင်းထွန်းသည် ပုံစံ ကောင်းပြသနိုင်ပြီး ပြိုင်ဘက်အ သင်း၏ တိုက်စစ်လမ်းကြောင်းကို ဖြတ်တောက်နိုင်ကာ အသင်းနိုင် ပွဲရရှိအောင်ကူညီနိုင်သဖြင့် အကောင်းဆုံးအသင်းတွင် ရွေးချယ် ရခြင်းဖြစ်ကြောင်း Goal.com က ဖော်ပြသည်။ ထိုင်းလိဂ်(၁) ပွဲစဉ် (၆) အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ချောင်ဘူရီအသင်းမှ ဇော်မင်းထွန်း အပါအ၀င် ကစားသမားသုံးဦးပါဝင်သည်။ ဧပြီ ၃ ရက်က ယှဉ်ပြိုင်သည့် ထိုင်းလိဂ်(၁)ပွဲစဉ်(၆)တွင် ချောင် ဘူရီအသင်းက ဘန်ကောက်ယူ နိုက်တက်ကို ၄-၂ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ ချောင်ဘူရီအသင်း သည် ယခုရာသီ နှစ်ပွဲဆက်အနိုင် ရရှိခြင်းဖြစ်သည်။

နောက်ခံလူဇော်မင်းထွန်း သည် ချောင်ဘူရီအသင်းတွင် ပွဲစဉ်တိုင်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်နေပြီး ပရာချွတ်အသင်း ကို အနိုင်ရရှိသည့်ပွဲစဉ်(၅)၌ ၎င်း၏ ပထမဆုံးထိုင်းလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့သည်။

ဘန်ကောက်ယူနိုက်တက်ကို အနိုင်ရသည့်ပွဲတွင် ချောင်ဘူရီအသင်း၌ကစားနေသည့် မြန်မာ့ လက်ရွေးစင် ကစားသမား စည်သူအောင်က အနိုင်ဂိုးတစ်ဂိုးသွင်း ယူနိုင်ခဲ့သည်။ အဆိုပါဂိုးသည် စည်သူအောင်၏ ပထမဆုံး ထိုင်း လိဂ်သွင်းဂိုးဖြစ်သည်။ ‘‘ကျွန်တော်တစ်ယောက် တည်းကောင်းလို့မဟုတ်ပါဘူး။ အသင်းသားတွေလည်း ကောင်းလို့ပါ။ ပထမဦးဆုံး ဂိုးသွင်းနိုင်တဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်’’ဟု စည်သူအောင်က ဆိုသည်။ လက်ရှိတွင် ထိုင်းလိဂ်၌ မြန်မာကစားသမားငါးဦး ပါဝင်ကစားနေသည်။  7Days