၅၉(စ)မပြင်ဆင်သင့်ကြောင်းနှင့် ပုဒ်မ ၂၆၁ အမြန်ဆုံးအတည်ပြုနိုင်ရေးလူထုထောက်ခံဆန္ဒပြုပွဲ ကျင်းပ

 

မြန်အောင် ဧပြီ ၂

ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် အညီ အတည်ပြုရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ပါ ပုဒ်မ၅၉(စ) အား ပြင်ဆင်ရန်မသင့်ကြောင်း လူထုအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ပုဒ်မ(၂၆၁)အား အမြန်ဆုံးအတည်ပြုနိုင်ရေး လူထုထောက်ခံ ဆန္ဒပြုပွဲကို ယမန်နေ့ နံနက် ၇ နာရီက မြန်အောင်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပ ခဲ့သည်။အဆိုပါထောက်ခံပွဲတွင် ကျောင်းကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်း မြမီမီဇော်၊ အမျိုးသားရေးစာရေးဆရာ မိုက်ကယ်သန်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်(စာရေးဆရာဝေလွင် မောင်)တို့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သောအချက် အလက်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုး ပါတီက ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေမူကြမ်း ဦးစွာတင်ထားပြီးဖြစ် ကြောင်းနှင့် မည်သို့မည်ပုံ အခြေခံဥပဒေ ကို ပြင်ဆင်မှသာလျှင် နိုင်ငံ၏ အချုပ် အခြာအာဏာကို ကာကွယ်နိုင်မည်ဖြစ် ကြောင်း စသည့်အချက်များကို လူထုထံ ပွင့်လင်းစွာချပြလျက် သဘောတူထောက် ခံမှုများ ရယူခဲ့ကြသည်။

အဆိုပါထောက်ခံပွဲကို မြန်အောင် မြို့ပေါ်နှင့် ရပ်ကွက်ကျေးရွာများမှပြည်သူ လူထုအင်အား ၁၂ဝဝ ခန့် တက်ရောက် ခဲ့ကြပြီး အခမ်းအနားကို နံနက် ၁ဝနာရီ တွင်ြေ<ွကးကြော်သံများ သံပြိုင်ဟစ်ြေ<ွကး လျက် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ဆန်းဝင်း(ကြံခင်း)