ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်စုံညီအစည်းအဝေးကျင်းပ

 

မတ်လ ၂၉ ရက် ၂၀၁၉ ခုနှစ်။ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် စုံညီ အစည်းအဝေးအား ယနေ့ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်၊ သောကြာနေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ပါတီဌာနချုပ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥက္ကဋ္ဌ (ဗဟိုအလုပ်အမှုဆောင်)များ၊ ဒုတိယဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီး/ပြည်နယ်အတွင်းရေးမှူးများ တက်ရောက်ပါသည်။