ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
၃၀-၃-၂၀၁၉ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေမှ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပက်သက်ပြီး ပါတီရဲ့ရပ်တည်ချက်၊ ရခိုင်ပြည်နယ်အရေးကိစ္စများနဲ့ပက်သက်ပြီး ယနေ့ ၃၀-၃-၂၀၁၉ ရက်နေ့ စနေနေ့ နံနက် ၉း၀၀ အချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံးတွင် သတင်းမီဒီယာများဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ၊ ပြည်ထောင်စုနယ်မြေ သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန် ရှိသူများ၊ ပြည်ထောင်စုနယ်မြေ ပြောရေးဆိုခွင့်ရှိသူများမှ တက်ရောက်လာသော မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားခဲ့ပြီး နံနက် ၁၀း၃၀ နာရီအချိန်တွင် သတင်းစာရှင်းလင်းပွဲ ပြီးမြောက်ခဲ့ပါသည်။