မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဘွဲ့အပါအ၀င် ချန်ပီယံဘွဲ့ ၃ခု ကို စွန့်လွှတ်လိုက်တဲ့ ဒေ၀(Dave)

ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဘွဲ့နှင့် ချန်ပီယံခါးပတ်သုံးခုပိုင်ရှင် ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒဗ်ဟာ မြန်မာလက်ခမောင်းကုမ္ပဏီက ကျင်းပနေတဲ့ WLC ပြိုင်ပွဲနဲ့ စာချုပ် ချုပ်ဆိုခဲ့တာကြောင့် ချန်ပီယံခါးပတ်တွေ အားလုံးကို စွန့်လွှတ်ခဲ့ပြီလို့ သိရပါတယ်။ ဒေဗ့်က သူ့အနေနဲ့ WLC နဲ့ စာချုပ် ချုပ်ခဲ့တာကြောင့် တခြားအဖွဲ့အစည်းတွေက ကျင်းပတဲ့ လက်ဝှေ့ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ထိုးသတ်တော့မှာ မဟုတ်ဘဲ World Lethwei Championship က စီစဉ်ပေးတဲ့ ဘယ်စိန်ခေါ်မှုကိုမဆို လက်ခံသွားမယ်လို့ ပြောကြားထားခဲ့ပါတယ်။
ဒေ့ဗ်ဟာ မြန်မာ့လက်ဝှေ့ ချန်ပီယံဘွဲ့ အပါအဝင် နိုင်ငံတကာ လက်ဝှေ့အဖွဲ့ချုပ် – ဂျပန် (ILFJ) ရဲ့ အလွတ်တန်းချန်ပီယံ၊ Air KBZ အောင်လံ အလွတ်တန်းချန်ပီယံနဲ့ MLWC အလွတ်တန်း ချန်ပီယံဘွဲ့တွေ ရရှိထားသူဖြစ်ပါတယ်။ ဒေ့ဗ်အနေနဲ့ကတော့ WLC ရဲ့ ချန်ပီယံခါးပတ်ဟာ သူ့အတွက် အဓိကပစ်မှတ်တခု ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ့လက်ဝှေ့ တိုးတက်ရေး ဆက်လက်ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။




 
             
            