ကမ္ဘာ့အကောင်းဆုံးကျောင်းဆရာဆုအား ကင်ညာနိုင်ငံသားတစ်ဦးရရှိ
၂၀၁၉ ခုနှစ်အတွက် ချီးမြှင့်သော ကမ္ဘ့ာအကောင်းဆုံး ကျောင်းဆရာဆုအား ကင်ညာနိုင်ငံသားတစ်ဦးဖြစ်သည့် ပီတာတာဘီချီဆိုသူက ရရှိသွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ပီတာတာဘီချီသည် ၄င်းရရှိသော လစာအားလုံးနီးပါးအား ဆင်းရဲနွမ်းပါးသည့် ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်စေရန်အတွက် အသုံးပြုခဲ့သည့်အပြင် လိုအပ်သည့် သင်ကြားရေးပစ္စည်းများ စုံလင်မှု မရှိသည့် စာသင်ကျောင်းများတွင်လည်း ပြဌာန်းစာအုပ်အနည်းငယ်ဖြင့် ကျောင်းသားကျောင်းသူများအား ကျွမ်းကျင်တတ်မြောက်မှုရှိအောင် သင်ကြားပေးနိုင်သောကြောင့် ကမ္ဘ့ာအကောင်းဆုံးကျောင်းဆရာဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ပီတာတာဘီချီက ရရှိခဲ့သော ဆုကြေးငွေအမေရိကန်ဒေါ်လာ တစ်သန်းအား ဆင်းရဲနွမ်းပါး သည့် ကျောင်းသားကျောင်းသူများအတွက် သုံးမည်ဟု ပြောသည်။
-Ref:BBC