ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သရက်ပင်ကျေးရွာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲတွင် ဆုများချီးမြှင့်
ကနီ မတ် ၂၅
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ချိုင် ကျေးရွာအုပ်စု သရက်ပင်ကျေးရွာ သရက်ပင်တောရကျောင်းတိုက် တွင် အနာဂတ်အလင်းရောင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် ရေးရာ တောင်တန်းသာသနာနုဂ္ဂဟ အသင်း(ဗဟို) အခြေခံယဉ်ကျေး လိမ္မာသင်တန်းကို ပထမဦးဆုံး အကြိမ်အဖြစ်ကျင်းပခဲ့ပြီး သင် တန်းဆင်းပွဲကို ယနေ့တွင်ကျင်းပခဲ့ သည်။ ယင်းသင်တန်းကို ယခုလ ၆ ရက်မှ ယမန်နေ့ထိ သင်ကြားခဲ့ ကြောင်း သိရသည်။
ယင်းသင်တန်းဆင်းပွဲကို သရက်ပင်တောရ ဦးစီးပဓာန နာယကလယ်တီကမ္မဋ္ဌာနာစရိယ ဦးအဂ္ဂညဏ၏ သြဝါဒကိုခံယူ၍ သင်တန်းဆင်းပွဲကို စတင်ကျင်းပခဲ့ သည်။ သင်းတန်းကိုသင်ကြားရေး နည်းပြဆရာမကြီးဒေါ်စောမာလာက သာသနာနုဂ္ဂဟ အပတ်စဉ်(၁) ကသ(၃) ဒေါ်စန်းစန်းဝင်း၊ သာသနာနုဂ္ဂဟ အပတ်စဉ်(၂) ကသ သင်ကြားရေးနည်းပြဆရာမ ဒေါ်တင်တင်အေး၊ အပတ်စဉ် (၆) ကသ(၄)မှ ဆရာမသုံးဦးတို့အား သူငယ်တန်းမှနဝမတန်းထိသင်ကြား စေပြီး ကျောင်းသားဦးရေ ၁၇၅ဦး တို့ကစိတ်ပါဝင်စားစွာတက်ရောက် သင်ကြားကြသည်ဟု သိရသည်။
ယင်းသင်တန်းဆင်းပွဲကို ကနီ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပါတီ နာယကဦးရှိန်၊ ဥက္ကဋ္ဌဦးကျန်ထွန်း၊ အတွင်းရေးမှူးဒေါ်မာမာဦး၊မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ယဉ်ကျေး လိမ္မာသင်တန်းအဆင့်လေးဆင့်တွင် ဆုရရှိသောကျောင်းသားကျောင်းသူ များအား ပထမဆုသုံးဆု၊ ဒုတိယ ဆုသုံးဆုနှင့်တတိယဆု သုံးဆုတို့ ကို ချီးမြှင့်ပေးအပ်ခဲ့သည်။
အောင်မျိုးထွန်း(ကနီလူငယ်)