ရန်ကုန် မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ
ရန်ကုန် မတ် ၂၄
ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန် မြောက်ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌ ဦးတင်ယု၊ မြောက်ပိုင်းခရိုင် ကော်မတီဝင် ဦးထွန်းထွန်းဦး၊ ဦးရဲဝင်းရှိန်တို့သည် ထန်းတပင် ပါတီရုံး၌လပတ်ပုံမှန်အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်ပါတီဥက္ကဋ္ဌက ပါတီလုပ်ငန်း တာဝန်များ၊ ပါတီစည်းရုံးရေး၊ ပါတီဝင်စိစစ်ရေး၊ ရုံးလုပ်ငန်းကိစ္စ များပြောကြားပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းရီ၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးလှအောင်၊မြို့နယ် ပါတီကော်မတီဝင်များက မြို့နယ် ပါတီရုံးလုပ်ငန်းကိစ္စများ၊ ၂ဝ၂ဝ ပါတီအောင်နိုင်ရေးကိစ္စများပြန်လည် ရှင်းလင်းပြောကြားကြပြီး အစည်း အဝေးကို ညနေ ၄နာရီတွင် ပြီးဆုံး ကြောင်း သိရသည်။
ဇော်သိန်း(ထန်းတပင်)