မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မအူပင် မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁ဝနာရီမှ စတင်၍ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဧရာဝတီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းဦးဆောင်လျက် တက် ရောက်လာသူများက ၂ဝ၂ဝ ပြည့် နှစ် ပါတီစုံအထွေထွေရွေးကောက် ပွဲအောင်နိုင်ရေးအတွက် ဆောင် ရွက်မည့်အစီအစဉ်များ၊ ကွင်းဆင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းများ အား အသီးသီးတင်ပြညှိနှိုင်းဆွေး နွေးခဲ့ကြသည်။

အစည်းအဝေးသို့ ဧရာဝတီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊မအူပင်မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့ နယ်အရန်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)