ကျိုက်မှော်ဝန်းရေလယ်စေတီ ဗုဒ္ဓပူဇနိယပွဲတော်တွင် ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

ရန်ကုန် မတ် ၂ဝ

ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ ရှေးဟောင်း သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ် စေတီတော်(၁ဝ၉)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယပွဲတော်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဘုရားအမှူးရှိသောပင့် သံဃာ ၁၈၉ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့သည်။အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော ပဒေသာပင်စုစု ပေါင်းလှူဒါန်းငွေ တစ်သိန်းသုံး ကျပ်အား ဖလမ်းကန်ဦးကျောင်း (အေးမြသီတာ) ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မ တီဝင် ရန်ကုန်တိုင်းဒေသကြီးပြည် ခိုင်ဖြိုးပါတီဘဏ္ဍာရေးမှူးဒေါ်အေး မင်းမိုး၊မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးမြင့် နှင့် ရုံးဝန်ထမ်းများက ပင့်သံဃာ ၁၈၉ပါးအား ဆွမ်းဆန်စိမ်းလောင်း လှူကြသည်။

ထို့အတူ ဌာနဆိုင်ရာများ၊ရပ် ကွက်ကျေးရွာများမှအလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။

ကိုကျောက်တန်း