အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ရွေးချယ်ခံရ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ဒုတိယ အကြိမ်မြောက်အဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင် ရမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်မှာ အဆိုပြုရွေးချယ်ခဲ့တာပါ။
သြစတြေးလျနဲ့ အာဆီယံဒေသတွင်းနိုင်ငံများ အားလုံး ပါဝင်တဲ့ အာဆီယံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ မလေးရှားမှ ဘင်ဟာဂျီမိုဒ် အမင်၊ တီမောမှ ဖရန်စ္စကို ခါလ်ဘူအာဒီလေ တို့နဲ့အတူ ဒုတိယဥက္ကဋ္ဌ တာဝန်တွေ ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးကို MFF ဥက္ကဋ္ဌနဲ့အတူ စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြပါတယ်။