ကမာရွတ်ပြည်ခိုင်ဖြိုး စည်ပင်ရွေးကောက်ပွဲအောင်နိုင်ရေး လက်ကမ်းစာစောင်ဝေငှ

 

ရန်ကုန် မတ် ၁၇

ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့နယ် ကော်မတီအဖွဲ့ဝင်(၁) ကိုယ်စားလှယ်လောင်း ဦးသန့်ဇော်၏ အမှတ်(၁ဝ)ရပ်ကွက်သို့ စည်းရုံးရေး ဆင်း ဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်ဝင်းနှင့် မြို့နယ်ပါတီ ကော်မတီမှ အတွင်းရေးမှူး ဒေါ်သီသီမွန်၊ စည်းရုံး ရေးရာတာဝန်ခံ ဦးဗိုလ်စော၊ အလုပ်သမားရေးရာ တာဝန်ခံဒေါ်ယဉ်မင်းအေး၊ မြို့နယ်ရုံး အဖွဲ့မှူး ဒေါ်အေးအေးသန်းနှင့် ရပ်ကွက်ပါတီကော်မတီဝင် များ လိုက်ပါ၍ လက်ကမ်းကြော်ငြာဝေခြင်း လုပ်ငန်းအား လိုက်ပါအားပေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)