အင်းတော်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

အင်းတော် မတ် ၁၂

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျေးရွာအုပ်စုပါတီ ဆိုင်းဘုတ် များကို စိုက်ထူလျက်ရှိရာ ယနေ့ နံနက် ၈ နာရီကစတင်ပြီး အင်း တော်မြို့နယ် မံဟဲကျေးရွာ အုပ်စု ပေကုန်းကျေးရွာ၊ ဟောင်းတုန်း ကျေးရွာအုပ်စု ဟောင်းတုန်း ကျေး ရွာတို့တွင် အောင်သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ပါတီဆိုင်းဘုတ်အား စုပေါင်းစိုက် ထူခဲ့ကြပြီး ဒေသခံပြည်သူများ၊ ပါတီဝင်များနှင့်တွေ့ဆုံကာ လက် ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေများကို ရှင်းလင်းပြောကြား ခဲ့ကြပြီး ပြန်လည်တင်ပြမှုများကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး အတွက် အပြန်အလှန်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တိုင်း ဒေသကြီးကော်မတီဝင် (ကသာ ခရိုင်တာဝန်ခံ) ဦးအောင်ကိုစံ၊ ကသာခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်း အောင်ဝင်းနှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ကော်မတီဝင် ဦးမိုးဆွေဦးနှင့် မြို့နယ်ကော်မတီ ဝင်များ၊ မြို့နယ်အရန်ကော်မတီ ဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ကျေးရွာပါတီဝင်များ၊ ရပ်မိရပ်ဖ များနှင့် ဒေသခံပြည်သူများတက် ရောက်ခဲ့ကြသည်။

ကျော်စွာထွန်း