စပိန်နဲ့ အင်္ဂလန်မြေကို ပြန်လာဖို့ မဖြစ်နိုင်တော့တဲ့ မော်ရင်ညို

ရီးယဲလ်မက်ဒရစ်အသင်းဟာ နည်းပြဟောင်း ဇီဒန်းကို ပြန်လည်ခေါ်ယူခန့်အပ်ခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ မော်ရင်ညိုအတွက် စပိန်ကို ပြန်လာဖို့ တံခါးပိတ်သွားပြီဖြစ်သလို အင်္ဂလန်ကို ပြန်လာဖို့လည်း မရှိတော့ဘူးလို့ ဒေးလီးမေးလ်သတင်းစာက ဆောင်းပါးရှင် ပီတီဂျန်ဆန် က သုံးသပ်လိုက်ပါတယ်။

အဆိုပါ အခြေအနေကြောင့် မော်ရင်ညိုအနေနဲ့ ပီအက်စ်ဂျီအသင်းဆီသွားပြီး ပြင်သစ်မြေကို သွားရောက်နည်းပြ ဖို့သာ ဖြစ်နိုင်ချေရှိတော့တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြည်တွင်းဆုဖလာတွေ ဆက်တိုက်ရနေပြီး ဥရောပချန်ပီယံလိဂ်မှာတော့ ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဆုဖလားနဲ့ အလှမ်းဝေး နေတာ ဖြစ်ပါတယ်။

နေမာ၊ ဘမ်ဘာပေ တို့ကို စံချိန်တင်ဈေးကြီးပေးပြီး ၀ယ်ယူခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ် ဖလား ရရှိရေးပစ်မှတ်က လွဲချော်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ တူချယ်ရဲ့နေရာမှာ မော်ရင်ညိုနဲ့ အစားထိုးဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။ မော်ရင်ညို ကိုယ်တိုင်းကလည်း နိုင်ငံလေးနိုင်ငံကလိဂ်တွေမှာ အလုပ် လုပ်ခဲ့ပြီး ပြီဖြစ်လို့ နယ်ပယ်မတူတဲ့ နေရာမှာ သွားရောက်နည်းပြဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့လပိုင်းက ၀န်ခံ ပြောကြားထားတာဖြစ်ပါတယ်။

လိုင်လီနဲ့ မွန့်ပယ်လီယာ တို့ရဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်ကို ကြည့်ရူအပြီးမှာ ပြင်သစ် သတင်းထောက်တစ်ဦးကို မော်ရင်ညိုကပြော ကြားသွားခဲ့တာဖြစ်ပါတယ်။ “ မတူညီတဲ့ နိုင်ငံလေးနိုင်ငံမှာ ကျွန်တော် လုပ်လုပ်ခဲ့ဖူးပါပြီ။ နောက်ပြီး ကျွန်တော်ဟာ ယဉ်ကျေးမူအသစ်တွေကို လေ့လာသင်ယူရတာကို နှစ်သက်ပါတယ်။ ချန်ပီယံရှစ် ပြိုင်ပွဲသစ် တစ်ခုမှာ အလုပ်လုပ်ရမယ်ဆိုရင်တော့ နှစ်သက်စရာကောင်းပါလိမ့်မယ်” မော်ရင်ညိုက ပြောကြား သွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုနဲ့ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခါလိုင်ဖီတို့ဟာလည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် စပိန်နဲ့ အင်္ဂလန် ကိုပြန်လာဖို့ အခြေအနေမရှိတော့တဲ့ မော်ရင်ညိုဟာ ပြင်သစ်မြေကိုပဲ သွားရောက်နိုင်တယ်လို့ ဒေးလီးမေးလ်ကဖော်ပြသွားခဲ့ပါတယ်။ဒါကြောင့် နေမာ၊ကာဗာနီ၊အမ်ဘာပေ တို့နဲ့အတူ မော်ရင်ညိုရဲ့ တိုက်စစ် အသားပေး ကစားပုံကို ပီအက်စ်ဂျီမှာ မြင်တွေ့ရနိုင်တယ် လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

-Ref: Sportsreader