ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကလိုင်ကျော်ကျေးရွာအုပ်စု ပါတီဝင်အသိအမှတ်ပြုကတ်ပေးအပ်

 

မန္တလေးတိုင်းဒေသကြီးကျောက် ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုး စိုးထွန်းသည် ပါတီကော်မတီဝင် များလိုက်ပါလျက် ယမန်နေ့ နံနက် ၈ နာရီခွဲက ကလိုင်ကျော်ကျေးရွာ အုပ်စုသို့သွားရောက်၍ ပါတီဝင် အသိအမှတ်ပြုကတ် ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ပါတီဝင်အသိအမှတ် ပြုကတ်ပေးအပ်ရာသို့ကျောက်ဆည် ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးအောင် မြင့်သန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစိုးစိုးထွန်း၊ အတွင်းရေးမှူး ဦးဆွေဦး၊ လူငယ်ရေးရာတာဝန်ခံ ဦးသန်းဝင်းစိုး၊ အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ဆွေဆွေလင်း၊ စည်း ရုံးရေးနယ်မြေတာဝန်ခံနှင့် ပါတီ ကော်မတီဝင်များ၊ ကျေးလက်ပြည် ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးမောင်မောင်စိန်နှင့် ပါတီကော်မတီဝင်များ၊ ပါတီဝင် အမျိုးသားအမျိုးသမီးလူငယ်များ၊ ကျေးလက်အုပ်စုမှပါတီဝင်အသစ် များနှင့်ဒေသခံရွာမိရွာဖများ တက် ရောက်ကြသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် မြင့်သန်းက အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်းက ပြည်ခိုင်ဖြိုး ပါတီဝင်များ လိုက်နာရမည့် စည်း ကမ်းနှင့်ကျင့်ဝတ်များ၊ပါတီ၏ရည် မှန်းချက်များဖြစ်သည့် အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ရေးနှင့်အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပါတီဝင်များက ပြည်သူများနှင့်အတူ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဖြစ်ကြောင်းနှင့် ပါတီ၏ အမျိုးသားရေး မူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမို ကရေစီအနှစ်သာရများကို အသေး စိတ် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် မြင့်သန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစိုးစိုးထွန်း၊အတွင်းရေးမှူး ဦးဆွေဦးတို့က ကလိုင်ကျော် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမြ မောင်နှင့်ပါတီဝင်အသစ်များ ဝမ်း သောင်ကျေးရွာ ဦးမြင့်နိုင်နှင့် ပါတီ ဝင်အသစ်များ၊ကျောင်းကုန်းကျေးရွာ ဦးတင်မြိုင်နှင့် ပါတီကော်မတီဝင် အသစ်များအားပါတီဝင်အသိအမှတ် ပြုကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)