တန့်ဆည် ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

 

မတ် ၁၁ ရက် ၂၀၁၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲအား တန့်ဆည်မြို့နယ် ကုန်စွာကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးကြီးညို ဦးဖိုးကျော် တို့ တက်ရောက်ကြ၍ ကျေးရွာရပ်မိရပ်ဖများနှင့်နိုင်ငံရေး စီးပွားရေး လူမှုရေးများဆွေးနွေးနှီးနှောဖလှယ်ကြပြီးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

Arkar Kyaw