ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးအရာရှိနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ

 

မတ်လ ၁၁

ယမန်နေ့(၁၁-၃-၂၀၁၉)ရက်န့ ညနေ(၄း၀၀)နာရီမှ (၅း၂၀)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အပ်ါထပ် သီးသန့်အစည်းအဝေးခန်းတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးအရာရှိနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကြပါသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်ပါတီ နာယက ဦးတော့ရယ် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦး ဦးမော်ရယ် ဦးရဲဝင်း ဒေါ်ဗျားမြာမောင် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမောင်ရွှေ နှင့် မြနမာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးအရာရှိ နိုင်ငံရေးနှင့် သတင်းပြန်ကြားရေးဌာန ဦးအောင်အောင်တို့ တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ