ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း ဧရာဝတီတိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံ

 

ပုသိမ် မတ် ၎

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဦးသန်း ထွန်းသည် ယမန်နေ့ နံနက် ၉ နာရီ တွင်ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌများ၊အတွင်း ရေးမှူးများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။အစည်းအဝေးတွင်ဗဟိုအတွင်း ရေးမှူးဦးသန်းထွန်း၊ ပြည်ခိုင်ဖြိုး ပါတီဗဟို အလုပ်အမှုဆောင်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးÓဏ်လင်း၊ တိုင်းဒေသကြီး ပါတီအတွင်းရေး မှူးဦးဝင်းကိုကိုနှင့်တိုင်းပါတီကော် မတီဝင်များ၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်၊မြို့နယ်များ၏ ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်ကော်မတီ ဝင်များတက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များက မိမိတို့တာဝန် ယူထားသည့် နယ်မြေဒေသအသီး သီးအတွင်း လက်ရှိဖြစ်ပေါ်နေ သောအခြေအနေများ၊ နယ်မြေ တာဝန်ခွဲဝေထားရှိမှုများ၊ ပါတီ စည်းရုံးရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ ဆက်လက်လုပ် ဆောင်ကြမည့်ရှေ့လုပ်ငန်းစဉ်များ နှင့် လာမည့်အောင်မြင်မှုပန်းတိုင် သို့အရောက်လှမ်းနိုင်မည့် လုပ်ငန်း ဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှု များ၊ မိမိတို့တာဝန်ယူထားသည့် နယ်မြေဒေသအသီးသီးသို့ စည်းရုံး ရေးဆင်းကြသည့်အခါတွေ့ရှိရသည့် အခက်အခဲများကို ခရိုင်၊ မြို့နယ် အသီးသီးမှ တင်ပြဆွေးနွေးခဲ့ကြ သည်။ ထိုသို့ တင်ပြဆွေးနွေး ချက်များအပေါ် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူးနှင့်တိုင်းဒေသကြီး ပါတီကော်မတီဝင်များက အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး ပါတီဗဟို အတွင်းရေးမှူး ဦးသန်းထွန်းက လက်ရှိဖြစ်ပေါ်နေသော နယ်မြေ ဒေသအသီးသီး၏ အခက် အခဲများ ကိုပြန်လည်ဖြည့်စွက်ဆွေးနွေးခြင်း၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ ဗဟိုမှ ချမှတ်ပေးထားသည့် လုပ်ငန်းစဉ် များကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်း ဆွေးနွေးခြင်းနှင့်လာမည့်ရွေးကောက် ပွဲတွင် အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းကြရန် စည်းစည်း လုံးလုံးညီညီညွတ်ညွတ် ဖြင့်အတူ တကွလျှောက် လှမ်းကြရန်လည်း လိုအပ်ကြောင်း လမ်းညွှန်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အောင်ကျော်ထိုက်