ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကျေးရွာပါတီဆိုင်းဘုတ်တင်အခမ်းအနားတက်ရောက်

 

ပဲခူး ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်သည် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးစန်းမောင်နှင့်အတူ ဖျာပုံမြို့နယ် မင်္ဂလာ သောင်တန်းကျေးရွာသို့ ယမန်နေ့ နံနက် ၈နာရီခွဲတွင်ရောက် ရှိပြီး ကျေးရွာနေပြည်သူလူထု ပါတီဝင်များနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ၍ ကျေးရွာ၏လိုအပ်ချက်များကိုဖြည့်ဆည်း ကာ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ဘိုးဘကုန်းကျေးရွာအုပ်စုနှင့် ကျောင်းကုန်းကျေးရွာ အုပ်စုများသို့သွားရောက်ကာ ဒေသခံပြည်သူများနှင့်တွေ့ ဆုံ၍ ကျေးရွာပါတီဆိုင်းဘုတ်တင်အခမ်းအနားသို့တက် ရောက်ကြောင်းသိရသည်။