ထရန့် နှင့် တွေ့ဆုံရန် ကင်ဂျုံအန် ရထားစီး၍ ဗီယက်နမ်သို့သွား

ဟနွိုင်းမြို့ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပြုံယမ်းမြို့မှ ထွက်ခွာစဉ် လက်ဝှေ့ယမ်းနှုတ်ဆက်နေသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (KCNA via REUTERS)

 

 ဗီယက်နမ်နိုင်ငံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ကျည်ကာ ရထားသည် ဖေဖော်ဝါရီ ၂၄ ရက် က တရုတ်နိုင်ငံနယ်စပ်သို့ ရောက်ရှိလာသည်။

ရထားဖြင့် ခရီးသွားလေ့ရှိသည့် ကွယ်လွန်သူ ဖခင်နှင့် အဘိုးအတိုင်း ကင်ဂျုံအန်သည် ရထားဖြင့် ဖေဖော်ဝါရီ ၂၃ ရက်က မြို့တော်ပြုံယမ်းမှ ခရီးရှည်ထွက် ခွာလာပြီး ဒန်ဒေါင်းနယ်စပ်မြို့သို့ ဖြတ်ကျော်ခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲ များမတိုင်မီ ကင်ဂျုံအန်၏ အဖွဲ့ သည် ဗီယက်နမ်မြို့တော် ဟနွိုင်း ၌ စုဝေးရောက်ရှိနေစဉ် ကင်ဂျုံအန်၏ လျှို့ဝှက်သော ခရီးသွားအစီအစဉ်များနှင့် ပတ်သက်၍ ထင်မြင်မှန်းဆချက်များ ရက်ပိုင်းကြာပြီးနောက် အဆိုပါရထားသည် တရုတ်ထဲသို့ ဖြတ်ကျော်ခဲ့သည်။

ရထားဖြင့် ပြုံယမ်းဘူတာရုံမှ ကင်ဂျုံအန် ထွက်ခွာသွားကြောင်း မြောက်ကိုရီးယား တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။

သို့သော် တရုတ်နိုင်ငံမှတစ် ဆင့် ဗီယက်နမ်သို့ နာရီ ၆၀ ကြာ ခရီးရှည်နှင်ရန် ကင်ဂျုံအန်သည်မည်သည့်ယာဉ်ဖြင့် ထွက်ခွာမည့် အကြောင်း တရုတ်အစိုးရက ပြောကြားခြင်း မရှိသေးပေ။

၎င်းနှင့်အတူ ညာလက်ရုံး ကင်မ်ယောင်ချိုလ်နှင့် အခြားဂုဏ်သရေရှိ ထိပ်တန်းလူကြီးမင်းများ လိုက်ပါကြောင်း KCNA သတင်းဌာနက ဖော်ပြသည်။

—Ref: AFP