စလင်းပြည်ခိုင်ဖြိုး မြို့နယ်ကော်မတီဝင်များ ကျေးလက်ပြည်သူများနှင့် တွေ့ဆုံ စကားဝိုင်းပြုလုပ်

 

စလင်း ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု မကျီးပင်ပုကျေးရွာတွင် ယမန်နေ့ က စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်ကော်မတီဝင်များ သည် ကျေးရွာများသို့သွားရောက် ကာ ပါတီအောင်နိုင်ရေးနှင့် ပါတီ ၏မူဝါဒများကို ရှင်းလင်းဆွေးနွေး သည်။

အဆိုပါကျေးလက်ပြည်သူများ နှင့်တွေ့ဆုံဆွေးနွေးသောစကား ဝိုင်းတွင် စလင်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီ အတွင်းရေးမှူး ဦးဇော် နိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်နွယ်နီနိုင်၊ မြို့နယ်ကော်မတီဝင် ဦးဝင်းခိုင်၊ ဦးနိုင်ထူး၊ဦးဌေးတို့ပါဝင်ပြီး မကျီး ပင်ပုကျေးရွာပါတီအမာခံများ၊ မိသားစုများနှင့်လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများ၊ ပါတီအောင်နိုင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်များနှင့် အားနည်း ချက်၊ အားသာချက်များကို ဆွေး နွေးကြသည်။ ပါတီအမာခံများက သိလိုသော မေးမြန်းချက်များကို အတွင်းရေးမှူး ဦးဇော်နိုင်က ပြန် လည်ဖြေကြားပြီး တွေ့ဆုံပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စစ်ကြည်(စလင်း)