တောင်​ပိုင်းခရိုင်​​ ဖြိုး​စေတနာ အခမဲ့နယ်​လှည့်​​ ဆေးကုသအဖွဲ့ ကော့မှူးမြို့နယ်​အတွင်း ကွင်းဆင်းကုသ

 

 

ကာ့မှူး ။ ဖေဖေါ်ဝါရီ ၁၇

ရန်​ကုန်​တိုင်း ပြည်​ခိုင်​ဖြိုးပါတီ၏ လမ်းညွှန်​မှုဖြင့်​​ တောင်​ပိုင်းခရိုင်​ ဖြိုး​စေတနာ အခမဲ့နယ်​လှည့်​​ ဆေးကုသအဖွဲ့ သည်​ သွားလာခက်​ခဲသည့်​​ ကျေးရွာများသို့ ကွင်းဆင်းကုသ​ ပေးလျှက်​ရှိရာ ရန်​ကုန်​တိုင်း​ဒေသကြီး၊​ တောင်​ပိုင်း ခရိုင်​၊ ကော့မှူးမြို့နယ်​ ခရိုက်​ခနိကျေးရွာ၊ ဘက်​စုံသုံး ခန်းမ​ဆောင်​၌ ယ​မန်နေ့ (​ဖေ​ဖေါ်ဝါရီ ၁၇ ရက်​နေ့) နံနက်​၉ နာရီ (၃၀) မိနစ်​ အချိန်​မှစ၍ တောင်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဦး​ဆောင်ကာ ကော့မှူးမြို့ ပြည်​​ထောင်​စု ကြံခိုင်ရေးနှင့်​ဖွံဖြိုး​ရေးပါတီနှင့်​ ဒေါက်​တာသိန်း​ဇော်​မြင့် ဦး​ဆောင်​​သော ဖြိုးစေတနာ အခမဲ့နယ်​လှည့်​​ ဆေးကုသ အဖွဲ့တို့ ကျေးရွာများအ​ရောက်​ ကွင်းဆင်းကုသ ခဲ့သည်​။

အဆိုပါ​ ဆေးကုသ​ ဆောင်​ရွက်​မှုကို ရန်​ကုန်​တိုင်း​ဒေသကြီး​ တောင်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုး ပါတီခရိုင်​​အတွင်း​ရေးမှူး ဦးဆန်းဝင်း ၊ ခရိုင်​​ကော်​မတီဝင်​​ ဒေါ်​အေး​အေးမြင့်​၊ ကော့မှူးမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီ နာယက ဦးဝင်းထိန်​၊ ကော့မှူးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦး​ကျော်​ဇင်​ဟိန်းနှင့်​ မြို့နယ်​​ကော်​မတီများ၊ ဒေသရပ်​စည်း ​ခေါင်း​ဆောင်​များနှင့်​ ရွာမိရွာဖများမှ ကူညီ​ဆောင်​ရွက်​​ ပေးခဲ့ကြပြီး ကျေးရွာအတွင်းနှင့်​ အနီးဝန်းကျင် ​​ကျေးရွာများရှိ လူနာမ (၉၀) ဦး၊ ကျား (၇၀) ဦး ၊က​လေး (၁၅) ဦး၊ စု​စုပေါင်း (၁၇၅) ဦးတို့အား ကုသ​ပေးခဲ့​ကြောင်း သိရသည်​။

မြတ်ဟိန်ကျော်(ကော့မှူး)