ချမ်းအေးသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေး

 

မန္တလေး ဖေဖော်ဝါရီ ၁၃

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက် ၉ဝx၉၁ ကြား၊ ၃၁x၃၂ ကြားရှိ ပြည်သူများ အား ယမန်နေ့နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ သတ္တမအကြိမ်ဆန်ရောင်း ချမှုအဖြစ် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။

”ပြည်သူလူထုအကျိုးအတွက် ကျွန် တော်တို့ပါတီကနေ ဆန်ရောင်းတာတို့ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးတာတို့ ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေပါ တယ်။ကျွန်တော်တို့မြို့နယ်ပါတီအနေနဲ့ ပြည်သူလူထုသက်သာချောင်ချိရေးအတွက် မြို့နယ်ထဲက ရပ်ကွက်တွေမှာ ခုလိုဆန် ရောင်းတာသတ္တမအကြိမ်ပါ”ဟုချမ်းအေး သာစံမြို့နယ်ပါတီဥက္ကဋ္ဌဦးကျော်ကျော်ဌေး က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရပ်ကွက်နှင့်ကျေး ရွာ များမှပြည်သူများ၏ စားဝတ်နေရေးသက် သာချောင်ချိစေရန်ရည်ရွယ်၍ ဆန်များအား သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ရောင်းချ ပေးလျက်ရှိကြောင်းနှင့် ချမ်းအေးသာစံမြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ ရွှေသွယ်ရင်အမျိုး အစားဆန် ၁၈ ပိုင်းအား တစ်ပြည်ကျပ် ၁၄ဝဝ နှုန်းဖြင့် ဒေးဝန်းအနောက်ရပ်ကွက် အတွင်းလွတ်လပ်စွာရောင်းချပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ပြည်သူလူထုထံသို့ ဆန် များရောင်းချရာသို့ မြို့နယ်ဥက္ကဋ္ဌဦးကျော် ကျော်ဌေး၊ မြို့နယ်အတွင်းရေးမှူးဦးသန်း ထွန်းနှင့်မြို့နယ်ကော်မတီဝင်များ၊ ဒေးဝန်း အနောက်ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ရပ်ကွက် ကော်မတီများ လိုက်ပါခဲ့ပြီး ပြည်သူများ နေထိုင်ရာရပ်ကွက်အတွင်း သွားရောက် ကာ စနစ်တကျရောင်းချပေးခဲ့ကြောင်း သိ ရသည်။

သုတ(မန္တလေး)