ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖလား စားပွဲတင်တင်းနစ်တံခွန်စိုက်ဖိတ်ခေါ်ပြိုင်ပွဲကျင်းပ

 

အိမ်မဲ ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး မြောင်း မြခရိုင်အိမ်မဲမြို့ရန်မျိုးအောင်ခန်းမ ၌ အိမ်မဲမြို့နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် EINME Youth Table TENNIS CLUB တို့ ပူးပေါင်းကျင်းပသည့် (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖလား စားပွဲတင်တင်းနစ် ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီကကျင်းပခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားတွင်ရှေးဦး စွာနိုင်ငံတော်အလံအားအလေးပြု ခြင်း၊နိုင်ငံတော်သီချင်းသီဆိုခြင်းများ ဖြင့် အခမ်းအနားဖွင့်လှစ်ပြီး EINME Youth Table Tennis Club မှ တာဝန်ခံ ဦးဝင်းနိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြား ပြီး အိမ်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှလူငယ်ရေးရာတာဝန်ခံဒေါ်မေ နဒီနှင်းက လူငယ်ရေးရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကစား သမား ၁၅ဦး ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယဆုများကို ပြိုင်ပွဲများအပြီး ယနေ့ ညနေ ၅ နာရီတွင် ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။

အခမ်းအနားကို မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဇွဲမာန်လွင်၊EINME Youth Table Tennis Club မှတာဝန်ခံဦးဝင်းနိုင်၊ ဦးဆန်း ဇော်အောင်၊မြို့နယ်ပါတီကော်မတီဝင် များတက်ရောက်ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ)