မအူပင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်များတွေ့ဆုံ

 

မအူပင် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁ဝ နာရီခွဲက မအူပင်မြို့နယ် အလန်းကြီးကျေးရွာအုပ်စု၊ ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမင်းပိုင်နေအိမ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဒေါ်စမ်း စမ်းဝင်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အလန်းကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးရဲမင်းပိုင်နှင့်ကျေးရွာပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ ပြည်ခိုင်ဖြိုးပါတီကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်၏ ရှေ့ဆက်သွားနေသောမူဝါဒနှင့် လက်ရှိနိုင်ငံတော်အခြေ အနေများကို ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)