ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မန္တံကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ၌ ပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

ပင်လည်ဘူး ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ပင် လည်ဘူးမြို့နယ် မန္တံကျေးရွာအုပ် စု ကြို့ကုန်းကျေးရွာ ဦးသိန်းအောင် နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီက ဆိုင်းဘုတ်တင်ခြင်းအခမ်းအနား ကို ပြုလုပ်ရာ ဆိုင်းဘုတ်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းနှင့် ပါတီမှတာဝန်ရှိ သူများက အောင်သပြေအမွှေးနံ့ သာများဖြင့် ပက်ဖျန်းကာ ဆိုင်း ဘုတ်စိုက်ထူခြင်း မင်္ဂလာပြုလုပ် ပေးပြီး တက်ရောက်လာကြသော မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းသိန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသောင်းဌေး၊ မြို့နယ်ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ပါတီဝင် ၆ဝ တို့နှင့်အတူ အမှတ် တရမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရ သည်။

ဆက်လက်၍ ရပ်/ကျေးပါတီ ဝင်များနှင့် ရေနွေးကြမ်းဝိုင်း စကားပြောပွဲကျင်းပရာ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းသိန်းက မိတ် ဆက်စကားပြောကြားပြီး တက် ရောက်လာကြသော ပါတီဝင်ရပ်မိ ရပ်ဖများက မိမိတို့အုပ်စု ကျေးရွာ အတွင်းဆောင်ရွက်ထားရှိမှု လိုအပ် ချက်များကိုတင်ပြရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းက ဆောင်ရွက် ရမည့် လုပ်ငန်းနှင့်ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားပြီး ရေနွေးကြမ်းစကားဝိုင်းကို အောင် မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရ သည်။

မျိုးညီညီ(ပင်လည်ဘူး)