ဟော်ကီပွဲမှာ ချော်လဲပြီးအရှက်ကွဲခဲ့ရတဲ့ မော်ရင်ညို

မကြာသေးမီက မန်ယူနည်းပြအဖြစ်ကနေထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ညိုတစ်ယောက် ဆိုက်ဘေးရီးယားက ဟော်ကီပွဲတစ်ခုမှာ ချော်လဲပြီး အရှက်ကွဲခဲ့ရပြန်ပါတယ်။

အသင်းလက်မဲ့အဖြစ်နဲ့ အနားယူနေတဲ့ မော်ရင်ညိုဟာ Avangard Omsk ဟော်ကီအသင်းရဲ့ အထူးဧည်သည်တော်အဖြစ်နဲ့ SKA နဲ့ ကစားမယ့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ သူဟာ ဒီပွဲရဲ့ ဟော်ကီဒိုးပြားကို ချပေးရမယ့် အထူးဧည်သည်လည်းဖြစ်ပါတယ်။ မော်ရင်ညိုဟာ ဟော်ကီဒိုးပြားကို ချပေးပြီး ပြန်အလှည့်မှာ လျောနေတဲ့ ကော်ဇောနီကြောင့် ခြေချော်ပြီး ပစ်လဲသွားခဲ့ပါတယ်။

မော်ရင်ညိုကို ပြိုင်ဘက်ကစားသမားနှစ်ဦး ကူညီပြီးမထူပေးခဲ့ပေမယ့် လူအများရှေမှာ လဲကျသွားခဲ့တာကြောင့် မော်ရင်ညိုဟာ ပြုံးစိစိနဲ့ အရှက်ကြီးရှက်နေခဲ့ပါတယ်။ နောက်တော့ ကူညီပေးတဲ့ ကစားသမားနှစ်ဦးကို ကျေးဇူးတင်တဲ့အနေနဲ့ ပွေ့ဖက်သွားခဲ့ပါတယ်။ မော်ရင်ညိုရဲ့ ဒီဖြစ်ရပ်ကို Kontinental Hockey League ရဲ့ တရားဝင် Twitter အကောင့်ကနေ ဖော်ပြသွားခဲ့ပါတယ်။ မော်ရင်ညိုအနေနဲ့လည်း ကံမကောင်းဖြစ်ရတဲ့ အကြောင်းကို ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ Kontinental Hockey League က ဒီပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။

 

—Ref: Skysports