သီဟသွေးလူငယ်များ ဓာတ်တော်တောင်တက် အလှူငွေပေးအပ် လုပ်အားဒါနပြု

 

မန္တလေး ဖေဖော်ဝါရီ ၅

မန္တလေးတိုင်း သီဟသွေးလူ ငယ်များ၊ ကျောက်ဆည်ခရိုင် လေးမြို့နယ် သီဟသွေးလူငယ် များစုပေါင်း၍ ကျောက်ဆည်မြို့ နယ် သပြေဝန်းကျေးရွာရှိ ပေ ၁၁၁ဝကျော်အမြင့်ရှိသော ဓာတ် တော်တောင်သို့ တိုင်းဒေသကြီး လူငယ်ရေးရာတာဝန်ခံ၊ ကျောက် ဆည်ခရိုင် နယ်မြေတာဝန်ခံ ဒေါ်သိင်္ဂီအောင်၊ တိုင်းအမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်လှလှအေး၊ တိုင်းကော်မတီဝင်ဒေါ်သန်းသန်း အေးနှင့်ခရိုင်ကော်မတီဝင် ဒေါ်ခင် နွယ်မြင့်၊လေးမြို့နယ် မြို့နယ်ဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ၊ မြို့နယ် ကော်မတီဝင် ၂၈ဦးကဦးဆောင် ပြီး သီဟသွေးလူငယ်များ ၈ဝဖြင့် စုစုပေါင်း၁ဝ၈ဦးသည် သပြေဝန်း ကျေးရွာရွာဦးကျောင်းဆရာတော် ဦးအာဒိစ္စသက်တော်(၁ဝ၇)နှစ်အား လှူဖွယ်ပစ္စည်းခြင်းဆပ်ကပ်လှူဒါန်း ၍ ဓာတ်တော်တောင်ပေါ်သို့ ယမန်နေ့ နံနက် ၉နာရီခွဲတွင်စတင်တက်ခဲ့သည်။

တောင်ပေါ်သို့ အဖွဲ့သားများ တက်ရောက်စဉ် ဘုရားတည်ရန်၊ ကျောင်းဆောက်ရန်အတွက် လို အပ်သော အုတ်၊ သဲ၊ ကျောက် များကို ကိုယ်စီကိုယ်ငှသယ်ယူ ထမ်းပိုးပြီး ကုသိုလ်ယူ၍တက် ရောက်ကြသည်။
ဓာတ်တော်လိုဏ်ဂူကျာင်းဆရာ တော် ဘဒ္ဒန္တအာစိဏ္ဏ (၆၄)နှစ်အား ဘုရားကျောင်းတည်ဆောက်ရာ တွင် လိုအပ်သောနေရာများပြုပြင် ရန်အတွက် ဝတ္ထုငွေများကပ်လှူ ပြီး ဆရာတော်က အောင်ပါစေ ကြောင်း အောင်စေကြောင်း ဆုမွန် ကောင်းများပေးကာ လူငယ်အဖွဲ့ များဘုရားဖူးခြင်း၊ ကုသိုလ်လုပ် အားပေးခြင်းပြုလုပ်ကာ မွန်းလွဲ ၁နာရီခွဲတွင် တောင်ခြေသို့ပြန်လည် ရောက်ရှိခဲ့ကြောင်းသိရသည်။

ထွန်းနိုင်