ကားသစ်ထုတ်လုပ်မှုအတွက် ဗြိတိန်အစား ဂျပန်ကို နစ်ဆန်း ရွေးချယ်

နစ်ဆန်းကားထုတ်လုပ်ရေးကုမ္ပဏီသည် X-Trail ကားသစ်များကို မူလက ဆန်းဒါးလန်းမြို့ရှိ စက်ရုံတွင် ထုတ်လုပ်ရန် စီစဉ်ထားသော်လည်း ယခုအခါ ဂျပန်နိုင်ငံတွင်သာ ပြုလုပ်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြု ပြောကြားလိုက်သည်။

မရေရာသော ဘရီဇစ်အရေးကိစ္စများ ဆက်လက်ဖြစ် ပေါ်နေခြင်းသည် ကုမ္ပဏီ၏ အနာဂတ်စီမံကိန်းအတွက် အထောက်အကူမဖြစ်ကြောင်း အလုပ်သမားများထံသို့ ပေးပို့သည့် စာတစ်စောင်တွင် ပြောကြားထားသည်။

နစ်ဆန်းကုမ္ပဏီသည် အစိုးရထံမှ အာမခံချက်များ ရရှိပြီးနောက် ဗြိတိန်နိုင်ငံတွင် ကားမော်ဒယ်သစ်တစ်မျိုးကို ထုတ်လုပ်မည်ဟု ၂၀၁၆ ခုနှစ်အတွင်းက ပြောကြားခဲ့သည်။

ယင်းသတင်းမှာ စိတ်ပျက်ဖွယ်ရာဖြစ်ကြောင်း အဖွဲ့အစည်းများက ဖော်ပြခဲ့ကြပြီး ၎င်းတို့အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိသည်ဟု ပြောကြားသည်။

နစ်ဆန်းကုမ္ပဏီ၏ ဆုံးဖြတ်ချက်သည် ထိုးနှက်ချက် တစ်ရပ်ဖြစ်သော်လည်း ရလဒ်အနေဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ဆုံးရှုံးမှုရှိမည်မဟုတ်ကြောင်း အစိုးရက ပြောကြားသည်။

—Ref: Thestandartime