ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီဝယာကျေးရွာပါတီဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး
ကနီ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ဝယာ ကျေးရွာအုပ်စု ဝယာကျေးရွာ ရပ်/ ကျေးပါတီဥက္ကဋ္ဌ ဦးစောအောင် နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားနှင့် ပါတီ ဝင်များအားတွေ့ဆုံ၍ ရေနွေးကြမ်း စကားဝိုင်းဆွေးနွေးခဲ့ကြသည်။
ယင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပရာ ယင်းမာပင် ခရိုင်ကော်မတီဝင် ဦးချစ်မွှေး၊ ကနီမြို့နယ်ပါတီနာယက၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ နယ်မြေတာဝန်ခံ ပါတီကော်မတီဝင်နှင့်ရပ်ကျေးပါတီ ဥက္ကဋ္ဌတို့က အမွှေးနံ့သာရည်များ ဖြင့်ပက်ဖျန်းပြီး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ဆက်လက်၍မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းက ပြည်ခိုင်ဖြိုးပါတီ ၏အဓိကထားဆောင်ရွက်သွားမည့် ကဏ္ဍကြီးရှစ်ချက်ကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသူ များအား လက်ရှိဖြစ်ပေါ်နေသော ဥပဒေကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိမိတို့ပါတီမှ ဆောင်ရွက်သွားမည့် သဘောထားများ၊ ပါတီ၏ရည် ရွယ်ချက်၊ ရည်မှန်းချက်နှင့်ရှေ့လုပ် ငန်းစဉ်များကိုရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ပါတီနာယက ဦးရှိန်နှင့် အတွင်းရေးမှူးဒေါ်မာမာ ဦးတို့က ယနေ့ဖြစ်ပေါ်နေသော အမျိုးသားရေး အခြေအနေများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်ခိုင်ဖြိုးအိတ်ဆောင်ပြက္ခဒိန် များပေးဝေကာ မွန်းလွဲ ၁နာရီတွင် ပြီးစီးခဲ့သည်။
အောင်မျိုးထွန်း