မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လှိုင်းဘွဲ့ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

မိတ္ထီလာ ဖေဖော်ဝါရီ ၎

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် လှည်းဘွဲ့အုပ်စု လှည်းဘွဲ့ကျေးရွာ တွင် ယမန်နေ့ နံနက် ၁ဝ နာရီကစတင်၍ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ကျင်းပ သည်။

မင်္ဂလာအချိန် နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက အောင်သပြေအမွှေးနံ့သာများ ပက်ဖျန်းကာ ဆိုင်းဘုတ်စိုက်ထူခြင်း မင်္ဂလာပြုလုပ်ပေးပြီး တက်ရောက်လာ ကြသော မိတ္ထီလာခရိုင် ကော်မတီဝင် ဦးဖိုးဉာဏ်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးချစ်ထွေး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌဦးချစ်မြိုင်နှင့် ပါတီ ဝင် ၇၅ဦးတို့နှင့်အတူ အမှတ်တရ ဓာတ်ပုံ ရိုက်ကူး၍ အောင်မြင်စွာ ပြီးစီးကြောင်း သိရသည်။

ဆက်လက်၍ ရပ်/ကျေးပါတီဝင် ၇၅ဦးနှင့် ရေနွေးကြမ်းဝိုင်း စကားပြောပွဲ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်ဦးစိုး သန်းက မိတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြသော ပါတီဝင်ရပ်မိ ရပ်ဖများက မိမိတို့အုပ်စုကျေးရွာအတွင်း ဆောင်ရွက်ထားရှိမှု လိုအပ်ချက်များကို တင်ပြရာ လွှတ်တော်ကိုယ်စားလှယ်က ရှင်းလင်းပြောကြားပြီး ရေနွေးကြမ်းစကား ဝိုင်းကို အောင်မြင်စွာကျင်းပပြီးစီးကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)