ပုသိမ်​ကြီးမြို့နယ်​အတွင်း ပြည်​ခိုင်ဖြိုးပါတီမှ ​အခမဲ့ကျန်းမာ​ရေး စောင့်ရှောက်​မှုဆောင်​ရွက်​ရာသို့ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ဦးဝဏ္ဏ​မောင်​လွင်​လာ​ရောက်​အား​ပေး

 

03 February 2019

မန္တလေးတိုင်းဒေသကြီးကျောက် ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၉ ရပ်ကျေးလပတ်ပုံမှန်အစည်းအဝေး ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ လပတ်ပုံမှန်အစည်း အဝေးသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်း၊ အတွင်းရေး မှူး ဦးဆွေဦး၊ လူငယ်ရေးရာ တာဝန်ခံဦးသန်းဝင်းစိုး၊ အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်ဆွေဆွေ လင်းနှင့်စည်းရုံးရေးနယ်မြေတာဝန်ခံ များ၊ ကော်မတီဝင်များ၊ ရပ်ကျေး ၉၆ ခုမှပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင် များနှင့်လူငယ်ပါတီဝင်အမျိုးသား၊ အမျိုးသမီးအင်အား ၁၂ဝ တက် ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းက မိမိအကျိုး၊ ပါတီ အကျိုးဆောင်ရွက်နိုင်သော ခေါင်း ဆောင်ကောင်းများဖြစ်ကြရန်နှင့် အောင်မြင်မှုအတွက် အခြေခံလေး ချက်ဖြစ်သည့် ပေါင်းသင်းဆက်ဆံ ရေး၊ လိုအပ်သည့်စွမ်းအားအရင်း အမြစ်များ ကြိုတင်ပြည့်စုံစေခြင်း၊ စိတ်သဘောထားခေါင်းဆောင်မှု များအသေးစိတ်ရှင်းလင်းပြောကြား သည်။
ထို့နောက် အတွင်းရေးမှူး ဦးဆွေဦးက ကျေးရွာခွဲအလိုက် ပါတီဝင်များနှင့် ကွင်းဆင်းထိတွေ့ ခဲ့ရသည့် ပါတီလုပ်ငန်းစဉ်များ ချပြဆွေးနွေးခဲ့ကြပြီး မြို့နယ်ပါတီ ကော်မတီဝင် ဦးတင်မင်းမြတ်ဦး က ၂ဝ၂ဝပြည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအစိုးရဖြစ်လျှင် ပြည်သူများအတွက် ဆောင်ရွက် ပေးမည့် အာမခံချက်ရှစ်ချက်ကို ဖတ်ကြား တင်ပြသည်။

ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုးစိုးထွန်းက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်း အဝေးကို နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)