ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌများ ပါတီဝင်များနှင့်တွေ့ဆုံ
ရန်ကုန် ဇန်နဝါရီ ၃၁
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက ဒလပြည်ခိုင်ဖြိုးပါတီရုံး၌ ဒလ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟို အတွင်းရေးမှူး၊ ပါတီဗဟိုအလုပ် အမှုဆောင်များနှင့်အတူ ရန်ကုန် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာကျော် စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး နှင့် ဗဟိုကော်မတီဝင်များ၊ တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ၊ ဒလမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များ တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒလမြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော် မတီများ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ များက တစ်ဦးချင်း မိတ်ဆက်ကြ သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင် မောင်စိုးက အမှာစကားပြောကြား ရာတွင် ယနေ့လာရောက်ရသည့် ရည်ရွယ်ချက်မှာ ပါတီ၏ အခြေခံ အကျဆုံးသော အုတ်မြစ်ဖြစ်သည့် ရပ်/ကျေးပါတီဥက္ကဋ္ဌ ကော်မတီ ဝင်များနှင့် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံရည်မှန်းချက်နှင့် မြို့နယ် ပါတီများက လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ကိုပြောကြားရာ တွင် ပြည်ခိုင်ဖြိုးပါတီ စတင်ပေါ် ပေါက်လာရခြင်းမှာ ပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပေးရန် ပေါ်ပေါက်ခဲ့ခြင်းဖြစ် ပြီးပါတီသည်ဖွဲ့စည်းပုံတောင့်တင်း သလို အရည်အချင်း၊ အရည် အသွေးမြင့်မားသည့် ပါတီဝင်များ ဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ် သဖြင့် ပါတီကို ထိန်းသိမ်းစောင့် ရှောက်ရန်ပါတီဝင်တိုင်းသည်ပါတီ စိတ်ဓာတ်မြင့်မားဖို့ လိုကြောင်း၊ ပါတီဝင်အင်အား ကျစ်လျစ်ခိုင်မာ ရေးနှင့် ပါတီတွင်း စည်းလုံး ညီညွတ်မှုရှိရေးသည် အဓိကကျ ကြောင်း ပြောကြားပြီး ပါတီ၏ ရည်မှန်းချက်များကို ပြောကြား သည်။
ဆက်လက်၍ပါတီဗဟိုအတွင်း ရေးမှူး ဒေါက်တာစန်းစန်းနွယ်က ပါတီ၏ ဖွဲ့စည်းပုံကျစ်လျစ်ခိုင်မာ မှု ပါတီဝင်များစိတ်ဓာတ်မြင့်မား ရေး၊ ပါတီဝင်အင်အားအခြေအနေ၊ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်း စဉ်များနှင့် ပါတီအောင်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူငယ်အမျိုး သမီးရေးရာများကို ခွဲခြားမနေဘဲ အားလုံး တက်ညီလက်ညီ ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်း လင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ပါတီဝင် များက မရှင်းလင်းသည်များကို တင်ပြကြပြီး တွေ့ဆုံပွဲအခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။
ထိန်ဝင်း(YGN)