မိုးနဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝမ်ယေးကျေးရွာတွင် ပါတီဆိုင်းဘုတ်စိုက်ထူ ကျေးရွာပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲကျင်းပ
မိုးနဲ ဇန်နဝါရီ ၃ဝ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာပါတီဆိုင်းဘုတ် သစ်တင်ပွဲနှင့် ကျေးရွာပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲက ဦးကျာစိုး နေအိမ်ရှေ့တွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ လင်းခေး ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးချစ်ဦးနှင့်ပါတီ ကော်မတီဝင်များ၊ မိုးနဲမြို့နယ် မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအုန်းကျော် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဆိုင်ဘုတ်သစ်ကို ကျေး ရွာပါတီဥက္ကဋ္ဌ ဦးကျာစိုးနေအိမ် ရှေ့တွင်စိုက်ထူခဲ့ကြပြီးအမွှေးနံ့သာ ရည်များပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေက ဝမ်ယေးကျေးရွာနေ ဦးကျာစိုးအား ကျေးရွာပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)