နိုင်ပွဲဆက်ရလဒ်ရပ်တန့်သွားခဲ့သော်လည်း ရှုံးပွဲမကြုံအောင်ရှောင်ရှားနိုင်ခဲ့ခြင်းကို ဆိုးလ်ရှား ကျေနပ်

မန်ယူနည်းပြဆိုးလ်ရှားက ဘန်လေကို 2-2 သရေကျလိုက်ပြီး နိုင်ပွဲဆက်ရလဒ် ရပ်တန့်သွားခဲ့သော်လည်း 2 ဂိုး အရှုံးကို နောက်မှလိုက်ကစားပြီး ရှုံးပွဲမကြုံအောင် ရှောင်ရှားနိုင်ခဲ့ခြင်းကို ကျေနပ်မိသည်ဟု ပြောကြားလိုက်သည်။

မန်ယူအသင်းမှာ အိမ်ကွင်းတွင် အဓိကကစားသမားများစုံလင်ခဲ့သော်လည်း အစောပိုင်းတွင် ဘန်လေအသင်းက ဦးဆောင်ဂိုး 2 ဂိုးသွင်းယူသွားခဲ့ခြင်းကြောင့် နောက်မှလိုက်ကစားခဲ့ရသည်။ ဒုတိယပိုင်းနောက်ကျမိနစ်တွင် ပေါ့ဘာ၏ပင်နယ်တီနှင့် နာကျင်အချိန်ပိုတွင် လင်ဒီလော့ဖ်၏ ချေပဂိုးများကြောင့် အိမ်ကွင်းရှုံးပွဲကြုံရမည့် အခြေအနေမှ ရှောင်ရှားနိုင်ခဲ့သည်။ ယခုကဲ့သို့ နှစ်ဂိုးအရှုံးကိုနောက်မှလိုက်ကစားပြီး သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းမှာ ယာယီနည်းပြဆိုးလ်ရှားလက်ထက် ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။

ဆိုးလ်ရှားက ဘန်လေနှင့်ပွဲစဉ်မှ သရေတစ်မှတ်အတွက် ကျေနပ်မိသလို အဆိုပါပွဲစဉ်က ပွဲတစ်ပွဲကို နောက်မှလိုက်ကစားပြီး လှည့်ပြောင်းယူနိုင်စွမ်းရှိနေသည် ကိုပြသနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။ ထို့အပြင် ဘန်လေနှင့် ပွဲစဉ်ကဖြစ်ရပ်မှာ သင်ခန်းစာယူရမည့်ဖြစ်ရပ်လည်းဟုလည်း ပြောကြားသွားခဲ့သည်။

-Ref: Skysports