ဒဂုံမြောက်ပိုင်းပြည်ခိုင်ဖြိုးပါတီမှ သွားနှင့်ခံတွင်း ရောဂါများအား အခမဲ့ကွင်းဆင်းကုသ
ရန်ကုန် ဇန်န၀ါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သွားနှင့်ခံတွင်းနယ်လှည့်ဆေးကုသရေးအဖွဲ့ (USDP Dental Team,North Dagon) သည် ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်၊ အမှတ်(၄၄) ရပ်ကွက်ရှိ စိတ္တသုခဓမ္မာရုံ၌ သွားရောဂါဝေဒနာရှင်များအား ယနေ့နံနက် ၉နာရီ မှ နေ့လည် ၁၂နာရီ အထိ အခမဲ့စစ်ဆေး ကုသပေးခဲ့ကြပါသည်။ အဆိုပါနယ်လှည်ဆေးကုသရေးအဖွဲ့ကို ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်၊ မြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းစိုးမှ ဦးဆောင်၍ မြို့နယ် ပါတီကော်မတီဝင် ဒေါက်တာဇော်လင်းပြုံး နှင့် ပါတီဝင် ဒေါက်တာခိုင်ဇော်အောင်တို့မှ ကုသပေးခဲ့ကြပြီး၊ ဘဏ္ဍာရေးမှူး
ဒေါ်ဝင်းဝင်းအောင်၊ မြို့နယ် ပါတီကော်မတီဝင် ဦးကျော်ထင်၊ နယ်မြေတာဝန်ခံ ဒေါ်မာလာရည်လွင်၊ ရပ်ကွက်ပါတီဥက္ကဌများနှင့်ကော်မတီဝင်များမှ လုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
(USDP Dental Team,North Dagon ) အဖွဲ့သည် နှစ်ပတ်လျှင်တစ်ကြိမ် ရပ်ကွက်များသို့ဆင်း၍ အခမဲ့ဆေးကုသပေးနေပြီး၊ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌လည်း အပတ်စဉ် တနင်္လာ နှင့် သောကြာ နေ့များ၌ အခမဲ့ဆေးခန်းဖွင့်လှစ်ကုသပေးလျှက်ရှိပါသည်။ သွားရောဂါဝေဒနာရှင် မည်သူမဆို လာရောက်ပြသနိုင်ကြောင်းလည်း သိရှိရပါသည်။