ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌပြည်ခိုင်ဖြိုးပါတီဝင် စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲတက်ရောက်

 

အောင်လံ ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျောက်ပန်းတောင်းအခြေစိုက် ပြည်ခိုင်ဖြိုးပါတီဝင် စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက ကျောက်ပန်းတောင်းကျေးရွာအုပ်စု ပါတီကော်မတီဝင် ဦးစိုးနိုင်၏နေအိမ်ခြံဝင်းအတွင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားကိုနိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့သည်။၎င်းနောက် ကျောက်ပန်းတောင်း အုပ်စု သံချိတ်ကျေးရွာမှ ပါတီဝင် လူငယ်လေးများ၏ ပြည်ခိုင်ဖြိုး အဓိဋ္ဌာန်သီချင်းဖြင့် ဧည့်ခံဖျော်ဖြေ ကြသည်။ ၄င်းနောက် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစန်းလွင်က အခမ်း အနား ကျင်းပရခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ပြီး ပါတီ ဝင်အဆိုပြုလွှာ ၁၃၅၂ စောင်အား သံချိတ်ကျေးရွာမှ ဦးငြိမ်းဌေးက ပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။ ပါတီဝင်များ ကိုယ်စားပါတီဝင်သုံးဦးက ပြည် ခိုင်ဖြိုးပါတီဝင်သို့ဝင်ရောက်ရခြင်း နှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီး ဗဟိုအတွင်းရေးမှူး ဦးတင်အောင် ချစ်နှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင်ဦးစောဝင်းမောင် က ပါတီ၏မူဝါဒနှင့် လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အောင်လံမြို့နယ် ကျောက်ပန်းတောင်းအခြေစိုက်မှ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကျေးရွာခုနစ်ရွာ နှင့်ပါတီဝင်အဆိုပြုလွှာ အများဆုံး ရရှိအောင် စုဆောင်းပေးခဲ့သော ကျေးရွာငါးရွာတို့အား ဂုဏ်ပြုမှတ် တမ်းလွှာနှင့် အမှတ်တရပစ္စည်း များ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက် တာမောင်မောင်ဌေး၊ တိုင်းဒေသ ကြီး ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ ဦးတင်ဝင်းနှင့် အတူအောင်လံမြို့နယ် ပါတီဥက္ကဋ္ဌ နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့် ပါတီဝင် စုစုပေါင်း ၉၉၈ဦးခန့် တက်ရောက် ခဲ့ကြပြီး ညနေ ၄ နာရီတွင် အခမ်း အနားပြီးမြောက်ခဲ့သည်။

သက်ချို