အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ညီမဖြစ်သူကို ပါတီရာထူးပေးအပ်
အာဏာရကွန်ဂရက်ပါတီအကြီးအကဲ ဆိုနီယာဂန္ဒီ၏သမီး ပရီယန်ကာဂန္ဒီဗာဒရာ (Pawan Kumar / REUTERS)
အိန္ဒိယအတိုက်အခံ ခေါင်းဆောင် ရာဟူးလ်ဂန္ဒီက လူကြိုက်များသော ၎င်း၏ညီမ အား စီနီယာပါတီရာထူးတစ်ခု ပေးအပ်လိုက်ပြီး ယင်းမှာ လအနည်းငယ်အတွင်း ကျင်းပမည်ဟု မျှော်လင့်သော အမျိုးသားရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် နာရင် ဒရာမိုဒီကို ဖြုတ်ချရေး မဲဆွယ်မှု ပိုမိုအင်အားတောင့်တင်းစေမည် ဟု အရာရှိများက ပြောသည်။
ပရီယန်ကာ ဂန္ဒီဗာဒရာ သည် အစ်ကိုဖြစ်သူကို ကူညီရန် ယခင်က ရွေးကောက်ပွဲများ တွင် ကွန်ဂရက်ပါတီအတွက် မဲဆွယ်ပေးခဲ့သော်လည်း အများအားဖြင့် ဘေးထွက်နေခဲ့ပြီး အစ်ကိုရာ ဟူးလ်ကိုသာ နေရူး-ဂန္ဒီ နိုင်ငံရေး မျိုးဆက် ဦးဆောင်စေခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်ဟောင်း နှင့် အဘွားအင်ဒီယာဂန္ဒီနှင့် ရုပ်ချင်းဆင်သူ ဗာဒရာသည် အိန္ဒိယ ၏ သံမဏိ အမျိုးသမီးဟု လူသိများပြီး နိုင်ငံတွင် လူဦးရေအထူ ထပ်ဆုံးနှင့် ရွေးကောက်ပွဲတွင် အရေးပါသော ဥတာပရာဒက်ရှ် ပြည်နယ်၏ ကွန်ဂရက်ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်သည်။
‘‘ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးကို ရှေ့တစ်လှမ်းတိုးပြီး လုပ်ဆောင်သွားပါမယ်။ စွမ်းရည်ထက်မြက်တဲ့ ကျွန်တော့် ညီမ ကျွန်တော်နဲ့ လက်တွဲအလုပ်လုပ် ရမှာမို့ အရမ်းပဲပျော်ရွှင်မိပါတယ်’’ ဟု ရာဟူးလ်ဂန္ဒီက ပြော သည်။
ကွန်ဂရက်ပါတီသည် မိုဒီ၏ အာဏာရ BJP ပါတီကို ဆန့်ကျင်၍ အတိုက်အခံမဟာ မိတ်အဖွဲ့ ထူထောင်ရန် ကြိုးစားနေသည်။ BJP ပါတီသည်လည်း အလုပ်အကိုင်နည်းပါးမှု၊ စိုက်ပျိုးရေးလုပ်ငန်း အားနည်းမှုများနှင့် ဝေဖန်မှုများ ကြုံနေသည်။
မိုဒီသည် ရွေးကောက်ပွဲတွင် ဦးဆောင်သူအဖြစ် ဆက်လက်ရှိနေသော်လည်း ပြီးခဲ့သည့်လက ကျင်းပခဲ့သော ပြည်နယ်ရွေးကောက်ပွဲများတွင် ရှုံးနိမ့်မှုများ ကြုံတွေ့ခဲ့ပြီးနောက် ဒုတိယသက်တမ်း ပြန်လည်ရွေးကောက်ခံရမည် ဆိုသော အာမခံချက် မရှိပေ။
‘‘ဒီခန့်အပ်မှုအတွက် ကွန်ဂရက်ပါတီကို ကျွန်တော်တို့ ဂုဏ်ပြုချင်ပါတယ်။ အခြေခံအားဖြင့်တော့ ရာဟူးလ်ဂန္ဒီ ကျရှုံးပြီး အခုဆိုရင် ညီမဖြစ်သူကို လိုအပ်တယ်လို့ သူတို့က ပြောလိုက်တာပါပဲ’’ ဟု BJP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဆမ်ဆစ်ပါထရာက ပြောကြားသည်။
—Ref: Reuters