ဘကပညာရေး မူလွန်ကျောင်းပညာရည်ချွန်ဆုပေးပွဲသို့ ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီတက်ရောက်
ပန်းတနော် ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကဿ ဝင်ကျေးရွာအုပ်စု ကျက်ကျွန်းကျေးရွာရှိ ကျောင်းအုပ်ဆရာတော် ဦးဥတ္တမသာရ (နယ်လှည့်ဓမ္မကထိက အေးဝင်္ကဘာကျောင်းဆရာ တော်)ဖွင့်လှစ်သော သာသနာ့အလင်းရောင်ဘုန်းတော်ကြီးသင်ပညာ ရေးမူလွန်ကျောင်း၏၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီက အဆိုပါ ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယကဦးဝင်းသိန်း၊ပန်းတနော်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
မောင်ခိုင်ဖြိုး(ပန်းတနော်)