အာဖဂန် စစ်ဘက်သင်တန်းကျောင်းတခုကို တာလီဘန် တိုက်ခိုက်၊ ၁၀၀ ကျော် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း မိုင်ဒန် ဝါဒက်ပြည်နယ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ဘက်သင်တန်းကျောင်း တခုကို တာလီဘန်သောင်းကျန်းသူတွေ တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၆ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးကတော့ စုစုပေါင်း သေဆုံးသူ ၁၀၀ ကျော်တယ်လို့ ပြောပါတယ်။

အစောပိုင်းမှာ  အစိုးရက ၁၂ ဦး သေဆုံးတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုတိုက်ခိုက်မှုကို တာလီဘန်တွေက သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။ 

by DVB