အသက်အရွယ်သည် ကိန်းဂဏန်းသာဖြစ်ကြောင်း သက်သေပြမည်ဟု ပက်ကွီအိုပြောကြား

စနေနေ့တွင် လာ့စ်ဗီးဂတ်စ်မြို့၌ အမေရိကန် လက်ဝှေ့သမား အက်ဒရီယန်ဘရို နာနှင့် ထိုးသတ်ချိန်တွင် မိမိ၏ အသက် (၄၀) သည်ကိန်းဂဏန်း တစ်ခုသာဖြစ်ကြောင်း သက်သေ ပြသွားမည်ဟု ဖိလစ်ပိုင်လက်ဝှေ့ ကျော် မန်နီပက်ကွီအိုက ပြော သည်။

ဖိလစ်ပိုင်လက်ဝှေ့ကျော်သည် ယခင် ကမ္ဘာ့ဝိတ်တန်းလေးခု ချန်ပီယံဘရိုနာနှင့် ယှဉ်ပြိုင်ချိန်တွင်  WBA ချန်ပီယံဘွဲ့ကို ကာကွယ်မည်ဖြစ်သည်။

ယင်းထိုးသတ်မှုသည် ပက်ကွီအို၏ ပရော်ဖက်ရှင်နယ်လက် ဝှေ့သမားဘဝ အကြိမ် ၇၀ မြောက်ပွဲဖြစ်ပြီး ပထမဆုံးပွဲထိုး ပြီးနောက် (၂၄) နှစ်အကြာတွင် ကျရောက်လာခြင်းဖြစ်သည်။

‘‘အသက် (၄၀) အရွယ်မှာ ပထမဆုံးထိုးသတ်တာဖြစ်လို့ ဒါ ဟာ စိန်ခေါ်မှုဖြစ်ပါတယ်’’ ဟု ပက်ကွီအိုက ပြောသည်။

‘‘ဒါဘာအဓိပ္ပာယ်လဲဆိုတာ လူတိုင်းကို တစ်ခုခုပြသဖို့ရှိပါတယ်။ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ။ အရေးကြီးတာကတော့ ဘယ်လိုကြိုတင်ပြင်ဆင်ထားသလဲဆိုတာနဲ့ အလုပ်ကြိုးစားနေတယ်ဆိုတာ သေချာဖို့ပါ’’ ဟု ပက်ကွီအိုက ပြောသည်။

မိခင်ကိုကူညီရန်တစ်ပွဲ နှစ်ဒေါ်လာသာရသော အချိန်ကတည်းက စတင်လက်ဝှေ့ထိုးခဲ့သော ပက်ကွီအိုသည် ယခုအခါ၌ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်ကာ စာဖတ်ခြင်း နှင့် စစ်တုရင်ကစားခြင်းများက စိတ်ကို ထက်မြက်စေသည်ဟု ၎င်းကဆိုသည်။

အမေရိကန်လက်ဝှေ့သမား ဘရိုနာ (၂၉) နှစ်သည် လက်ဝှေ့ လောက၏ အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပက်ကွီအိုခါး ပတ်မည်မျှ ရထားပါစေ စိတ်မဝင်စားဟု ပြောသည်။

‘‘လူတွေက ပက်ကွီအိုတစ်ယောက် မေဝယ်သာနဲ့ ထပ်ပြီး ထိုးသတ်ဖို့ပဲ ပြောနေကြတယ်။ ဒါပေမဲ့ မေဝယ်သာက အနားယူ သွားတာသေချာသလောက်ပါပဲ။ လူတွေက ကျွန်တော့်ကို ဝံပုလွေ အုပ်ထဲ ပစ်ထည့်ပြီး လျစ်လျူရှုနေ ကြတယ်လို့ ခံစားရတယ်’’ ဟု အက်ဒရီယန်ဘရိုနာက ပြော သည်။

‘‘ကျွန်တော်က ဘယ်လက်ဝှေ့သမားကိုမှ ရှိန်မနေဘူး။ ပက်ကွီအိုတောင်     ရှိန်နေမယ်လို့ မျှော်လင့်တယ်’’   ဟု   ဘရိုနာက ပြောကြားသည်။    

—Ref:BBC