ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာနေပြည်သူများအား အခမဲ့ဆေးကုသပေး
နေပြည်တော် ဇန်နဝါရီ ၁၅
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လယ်ဝေးမြို့နယ် သစ်ပုတ်ပင်အုပ်စု သစ်ပုတ်ပင် ကျေးရွာရှိ ကျန်းမာရေးဆေးကုသ ရန် အခက်အခဲရှိသော ကျေးရွာ ပြည်သူလူထုအားပြည်ခိုင်ဖြိုးပါတီ မှ ယမန်နေ့နံနက် ၈ နာရီခွဲမှ စတင် ပြီး အခမဲ့ဆေးဝါးများ သွားရောက် ကုသပေးခဲ့ကြောင်း သိရသည်။ထိုသို့ကုသရာတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင်ဒေါ်သီတာထွေး၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်ယဉ်ယဉ် အေး၊ လယ်ဝေးမြို့နယ်ပါတီဥက္ကဋ္ဌဒေါ်တင်နွယ်ဦး နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ရပ်/ကျေးအဖွဲ့ဝင်များက ဦးဆောင်ပြီး လူနာ ၂ဝဝ ကျော်ကို အခမဲ့ဆေး ဝါးများ ကုသပေးနိုင်ခဲ့ကြောင်းသိရသည်။
ယခုဆေးကုသရာ ကျေးရွာအုပ်စုသည် မြို့နှင့် အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေး အခက် အခဲရှိသည့်အတွက် လယ်ဝေးမြို့နယ်တွင် ဦးစား ပေး စတင်ကုသပေးခြင်းဖြစ်ပြီး ကျန်ရှိသောကျေး ရွာများကိုလည်း ဆက်လက်ကုသပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ စားဝတ်နေရေးတို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အောင်အောင်