ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင် အာရှနိုင်ငံရေးပါတီများ နိုင်ငံတကာညီလာခံသို့ တက်ရောက်

 

ရန်ကုန် ဇန်နဝါရီ ၁၅

ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ဆိုင်ယံရိဗ်မြို့တွင် ကျင်းပ ခဲ့သည့် အာရှနိုင်ငံရေး ပါတီများ နိုင်ငံတကာ ညီလာခံက ဦးစီးကျင်းပ ခဲ့သည့် ဆွေးနွေးပွဲများ သို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။အာရှ ယဉ်ကျေးမှုဆိုင်ရာ ကောင်စီကို အာရှနိုင်ငံရေးပါတီ များနိုင်ငံတကာညီလာခံ(ICAPP) သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရုံးချုပ်ထားရှိမည့် အာရှယဉ်ကျေး မှုဆိုင်ရာ ကောင်စီတည်ထောင်ရန် အတွက် ဆွေးနွေးပွဲများ ကျင်းပ ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားဖွင့်ပွဲကို ဒေသ စံတော်ချိန် နံနက် ၈ နာရီတွင် စတင်ကျင်းပခဲ့ပြီး ကမ္ဘောဒီးယား ဘုရင်မှ ပေးပို့သောနှုတ်ခွန်းဆက် သဝဏ်လွှာအား ကမ္ဘောဒီးယား အစိုးရအဖွဲ့ဝင်တစ်ဦးက ကိုယ်စား ဖတ်ကြားခဲ့ပြီးနောက် ကမ္ဘောဒီး ယားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ICAPP အဖွဲ့၏အတွင်းရေးမှူး၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံပညာ နှင့်ယဉ်ကျေးမှုအဖွဲ့မှ ကမ္ဘောဒီး ယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ ICAPP အဖွဲ့အား ဦးဆောင်ဖွဲ့စည်း ခဲ့သူများက နှုတ်ခွန်းဆက်စကား များ ပြောကြားခဲ့သည်။ ထို့နောက် ပြောင်းလဲလာသောကမ္ဘာ့အခြေ အနေနှင့်ဆိုင်သောအကြောင်းအရာ များ၊ အာရှဒေသနှင့်ဆိုင်သော အကြောင်းအရာများ၊ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းနှင့် ဆိုင်သော အကြောင်းအရာများ၊ ယဉ်ကျေးမှု နှင့် နည်းပညာဖွံ့ဖြိုးမှုကြားမှ ချိတ် ဆက်မှုနှင့် ဆက်နွှယ်နေသော အကြောင်းအရာများကို ဆွေးနွေး ခဲ့သည်။

ဆွေးနွေးပွဲများသို့ဦးဝဏ္ဏမောင် လွင်နှင့်အတူ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီပြောရေးဆို ခွင့်ရှိသူ ဦးသိန်းထွန်းဦးပါတက် ရောက်ခဲ့သည်။ ဆွေးနွေးပွဲများ အပြီးတွင် အာရှယဉ်ကျေးမှုဆိုင်ရာ ကောင်စီဖွဲ့စည်းတည်ထောင်ခြင်း နှင့်ဆိုင်သော ဆိုင်ယံရိဗ်ကြေညာ စာတမ်းအား အတည်ပြုထုတ်ပြန် ခဲ့ကြောင်း သိရသည်။

NG