နိုင်ငံအမည်ပြောင်းလဲရေး မက်ဆီဒိုးနီးယားလွှတ်တော် သဘောတူ

မက်ဆီဒိုးနီးယားလွှတ်တော်သည် နိုင်ငံ၏အမည်ကို မြောက်ပိုင်းမက်ဆီဒိုးနီးယား သမ္မတနိုင်ငံဟု ပြောင်းလဲ ခေါ်ဝေါ်ရန် ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ချက်ကို အတည်ပြု ထောက်ခံလိုက်ပြီဖြစ်သည်။

အတိုက်အခံ အမျိုးသားရေးဝါဒီသမားများက သပိတ်မှောက်နေသည့်ကြားမှ သမိုင်းဝင်မဲခွဲဆုံးဖြတ်မှုတွင် ဝန်ကြီးချုပ် ဇိုရန်ဇာရက်သည် လိုအပ်သော မဲရလဒ် သုံးပုံနှစ်ပုံကို ကပ်၍ အနိုင်ရရှိခဲ့သည်။

လွှတ်တော်အပြင်ဘက်ရှိ ဆန္ဒပြသူများသည် ယင်းအပြောင်းအလဲကို သစ္စာဖောက်မှုတစ်ရပ်အဖြစ် ပြစ်တင် ရှုတ်ချကြသည်။

အဆိုပါ နိုင်ငံအမည်ပြောင်းလဲမှုသည် ၂၇ နှစ် အကြာ ဂရိနိုင်ငံနှင့် အငြင်းပွားနေမှုကို အဆုံးသတ်ရန် ရည်ရွယ်ကြောင်း၊ ဂရိနိုင်ငံတွင်လည်း မက်ဆီဒိုးနီးယားဟု ခေါ်သော ၎င်းတို့ ကိုယ်ပိုင်ဒေသရှိကြောင်း သိရသည်။

ဂရိဝန်ကြီးချုပ်နှင့် မစ္စတာဇာရက်တို့ ဇွန်လအတွင်းက လက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီချက် တစ်ရပ်အရ ယခုအခါ ဂရိလွှတ်တော်သည်လည်း အတည်ပြုချက်ပေးရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

DVB