မိုနာကိုအသင်းကို (၃)နှစ်ခွဲစာချုပ်နဲ့ ဖာဘရီဂတ်စ် ပြောင်းရွှေ့
ချဲလ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းဖော်ဟောင်း ဟင်နရီကိုင်တွယ်နေတဲ့ မိုနာကိုအသင်းကို (၃)နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ် ဖာဘရီဂတ်စ်ဟာ စနေနေ့က နော်တင်ဟမ်နဲ့ပွဲမှာ ချဲလ်ဆီးအတွက် နောက်ဆုံးကစားခဲ့ပြီး ပရိသတ်တွေကို မျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့သူပါ။ ဖာဘရီဂတ်စ်က “မိုနာကိုအသင်းကို ခေါ်ယူဖို့ ရောက်လာတာပါ။ ပွဲထွက်ကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်” လို့ ဖာဘရီဂတ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလား(၁)ကြိမ်စီ ဆွတ်ခူးခဲ့ပါတယ်။
—Ref: Skysports